Skip to main content

Posts

Showing posts from May, 2018

အဝတ်လျှော်စက် အသုံးပြု နည်းများ။

အဝတ်လျှော်စက် အသုံးပြု နည်းများ။ (WA84U3GEC……/WA85F5S3……/ WA95V3……/WA95W9……/WA75H4……/WD806U4……/WA16F7S9……/WA12J57……/WA10J57……/WA15J67……/WA90M5……/WT86J8……/WT10J7……/WT13J8.……/)Model များအတွက် အဝတ်လျှော်စက် ဝယ်ပြီဆိုရင် ပထမဆုံးအသုံးပြုသူ အများစုဟာ အခက်တွေများစွာရှိတာတွေ့ရပါတယ်။။ ဤကဲ့သို့သော အခက်အခဲမဖြစ်စေရအောင် .... ကျွန်တော့်ဘက်မှဆောင်ရန်ရှောင်ရန်နှင့်  သိသင့်သည်ထင်သောအရာများကို ကိုယ်တက်ကျွမ်းနားလည်သလောက် မှီငြမ်း ရေးသားထားခြင်းသာဖြစ်ပါသည်။ (1)- ပထမဦးစွာ အဝတ်လျှော်စက် အသုံးပြုတော့မည်ဆိုရင်  Power မဖွင့်ခင် အဝတ်နဲ့ ဆပ်ပြာမူန့်ကို လိုအပ်သလို ချိန်ဆ ထည့်ပါ။ (2)-တံခါးပြန်ပိတ်ပါ။ ရေဘုံဘိုင်ခေါင်းမှ ရေဘားဖွင့်ပါ။ (3)- Power ဖွင့်  Start နှိပ်ပါ။အဝတ်အနည်းအများပေါ်မူတည်ပြီး Water Level (1မှ10ထိ)  Level 1ခုပြပပါလိမ့်မယ်။ ပြီးရင် အစ အဆုံးကြာချိန် မိနစ် ပြပါလိမ့်မယ်။  ပြီးရင် Alam အော်ပြီး Power ပိတ်သွားပါလိမ့်မယ်။ ဒါဆို ခလုတ်ပိတ်ပြီး အဝတ်ထုတ်လို့ရပါပြီ။ မှတ်ချက်  ။     ။ရေဝင်မူ အားများမှသာ Digiral ဒိုင်ကွက်မှပြသော မိနစ်ကို အပြည့်အဝလျှော်ပေးမည်ဖြစ်ပါသည်။ရေဝင်အား နည်းပါးပါကပြသထားသောမိနစ်ထက် ပို၍ကြာ

Samsung Washing Machine အသုံးပြု နှင့် ထိန်းသိမ်းနည်း။

Samsung Washing Machine အသုံးပြု နှင့် ထိန်းသိမ်းနည်း (WA84U3GEC……/WA85F5S3……/WA95V3……/WA95W9……/WA75H4……/WD806U4……/WA16F7S9……/WA12J57……/WA10J57……/WA15J67……/WA90M5……/WT86J8……/WT10J7……/WT13J8.……/ စသောModel များအတွက်) SAMSUNG Fully Auto အဝတ်လျှော်စက်အများစုသည် ရေအားနည်းရင် အဆင်မပြေဖြစ်တက်ပါသည်။ ထိုကြောင့် ရေအားကောင်းမွန်အောင် Auto Presure Pump တစ်လုံးခံထားရန် လိုအပ်ပါသည်။ သို့မှသာ သုံးစွဲသူတို့ လိုအပ်သော အချိန် မိနစ်တို့ ကို အပြည့်အဝ အသုံးပြုနိုင်ပါလိမ့်မယ်။  ရေ အဝင်နည်းပါကအစပိုင်းတွင် အဆင်ပြေမူရှိသော်လည်း  နောက်ပိုင်းတွင် 4E/4C Error များတက်လာတက်ပါသည်။ ထို Error မျိုးသည် တစ်ခါတစ်ရံ  ရေပိုက်မှ စက်အတွင်းသို့ဝင်ထားသော ရေဘားခေါင်းထဲရှိ Fitter အပြာရောင်လေးအား သန့်ရှင်းအောင်ဆေးကြောပေးလိုက်ရင်လည်း ပြန်လည် အဆင်ပြေသွားတက်ပေသည်။ အဝတ်လျှော်စက် အများစုသည် ရေဝင်ဘားလောင်ကျွမ်းလျှင် Pcb Main Card ကိုပါ ထိနိုင်သောကြောင့် အထူးပင် ဂရုစိုက်ရပါသည်။ (Pcb Main ၏တန်ဖိုးသည်  စက်တစ်လုံးအသစ်ဈေး၏ တစ်ဝတ်ဈေးခန့်ကုန်ကျနိုင်ပါသည်။) အားလုံးအားလုံးအဆင်ပြေပါစေ။ www.samsungmyanmar83.blogspot.com

Remote Control အလွယ်ကူဆုံး အသုံးပြုပုံ။

Remote Control အလွယ်ကူဆုံးအသုံးပြုပုံ ။ (AS......, AR......, Model များအတွက်) (1)-အလယ်မှာ လိမ္မော်ရောင် ခလုတ်သည် Power On/Off   (အဖွင့်/အပိတ်) (2)-Mode သည် တစ်ချက်ခြင်းနှိပ်သွားရင် Auto , Cool ,Dry ,Fan ,Heat စတာတွေ တွေ့ရပါလိမ့်မယ်။ (3)- +- Temp ဆိုတာကတော့ လိုချင်တ့ အအေးချိန်ကို အတိုးအလျော့ လုပ်တာပါ။ (4)- မျှား ၃ချောင်းအပြိုင်နဲ့ မျှားအကွေးလေးက လေကို အပေါ် အောက် ကစားပေးတဲ့ Shutter ပါ။ (5)- အပေါ် အောက် မျှားလေးနဲ့  Fan ဆိုတာက လေထွက်နူန်းကို အတိုး အလျော့ လုပ်ပေးတာပါ။ အားလုံး အဆင်ပြေပါစေ ။ www.samsungmyanmar83.blogspot.com

Air Conditioner Error Code

Air Conditioner Error Code  AS....., AR Model များအတွက် (1)-Fan လည်ပြီး ခဏနေလို့  (တီ....တီ) လို့အော်သံကြားရင်  Pcb Main ပါ။ (2)-Fan မလည်ဘဲ ခဏနေလို့  (တီ....တီ) လို့အော်သံကြားရင်    Fan Mortar ပါ။ (3)-Display မီးလုံး 3လုံးတွင် ပုံမှန်အားဖြင့်  အပေါ်ဆုံးမီးလုံးသည် Power On ထားရင် လင်းပါသည်။ အလယ်လုံးသည်  Timber ပေးထားရင် လင်းတက်ပါသည်။ အောက်ဆုံးမီးလုံးသည် User Mode ဖြစ်ပါသည်။ Gas မရှိတဲ့ အခါ  မှိတ်တုတ် မှိတ်တုတ် ပြတက်ပါသည်။ (4)- Remote Control ဖြင့် လုံးဝ ခိုင်းမရခဲ့ရင်  Sub Pcb မကောင်းလို့ပါ။  (Remote Control ပျက်ခဲပါသည်။) အားလုံး အဆင်ပြေပါစေ။ www.samsungmyanmar83.blogspot.com

Air Conditioner , Refrigerator , Washing Machine (အာမခံ ကာလနှင့် ပတ်သက်၍)

Air Conditioner , Refrigerator , Washing Machine (အာမခံ ကာလနှင့် ပတ်သက်၍) အာမခံ ကာလမှာ( ၁ )နှစ်ပေးထားပါသည်။ Compressor မှာ   Inverter Type ဆို( ၁၀ )နှစ် ပေးထား၍    Non Inverter ဆိုရင် (၅) နှစ်ပေးထားပါတယ်။(၁) နှစ်အတွင်းမှာ ပျက်ခဲ့လို့ အာမခံ ကဒ် ထဲ စည်းကမ်း သတ်မှတ်ချက်တွေနဲ မငြိစွန်းရင်တော့ အာမခံ ချက်တွေ အပြည့််အဝ ခံစားရမှာပါ။ အကယ်၍ ငြိစွန်းခဲ့ရင်တော့  ပြုပြင်ရမယ့် အစိတ်အပိုင်းနဲ့ ကျသင့်ငွေတွေ ကို ပေးသွင်းရပါမယ်။ အာမခံ ကာလ. ကျော်လွန်ပါကလည်းဲ  ကားခ ၊ လက်ခ၊ ပစ္စည်းဖိုး စသည်တို့ကို ပေးသွင်းရပါသည်။ အားလုံး အဆင်ပြေပါစေ။ www.samsungmyaeenmar83.blogspot.com

Service အဖွဲ့ခေါ်၍ Servicing ပြုလုပ်ခြင်း ။

Service အဖွဲ့ခေါ်၍ Servicing ပြုလုပ်ခြင်း ။ (AS......, AR......, Model များအတွက်) သုံးစွဲသူများသည်  စက်၏သုံးစွဲမူပေါ်မူတည်ပြီး  ၆လ တစ်ကြိမ် စက် ကို  လာရောက်တပ်ဆင်သွားသူ အဖွဲ့ဖြစ်စေ။ မိမိခေါ်ယူ လိုသောအဖွဲ့ကိုဖြစ်စေ အဆင်ပြေသည့်အဖွဲ့ကို ခေါ်၍ Servicing ပြုလုပ်ရပါသည်။   အားလုံးအားလုံးအဆင်ပြေပါစေ။ www.samsungmyanmar83.blogspot.com

ကိုယ်တိုင် လေစစ်ဇကာ(Fitter)အား သန့်ရှင်းရေး လုပ်ရခြင်း ။

ကိုယ်တိုင်  လေစစ်ဇကာ(Fitter)အား သန့်ရှင်းရေး လုပ်ရခြင်း ။ သုံးစွဲသူများသည်  စက်၏သုံးစွဲမူပေါ်မူတည်ပြီး  ၁ပတ် (သို့)၂ပတ် တစ်ကြိမ်ခန့်  Indoor ၏Fitterများကို ရေဖြင့် ဆေးကြောသန့်စင်ပေးရပါသည်။ သို့မှသာ စက်တွင် ဂျီးပိတ်ခြင်း ရေကြခြင်း ကင်းဝေ၍ စိတ်ပျော်ရွင်စွာ သုံးစွဲနိုင်ပါလိမ့်မည်။ အားလုံးအားလုံးအဆင်ပြေပါစေ။ www.samsungmyanmar83.blogspot.com

Air con: အသုံးပြုနည်း နဲ့ အသုံးပြုပုံ ။

  Air con: အသုံးပြုနည်း  နဲ့ အသုံးပြုပုံ။ (AS......, AR......, Model များအတွက်) Air conditioner နဲ့ ပတ်သက်လို့ အချို့ဟာ လွဲမှားမူတွေရှိနေတာတွေ့ရပါတယ်။ပထမဆုံးအနေနဲ့  စက်တစ်လုံးအေးဖို့နဲ့ ရေရှည်သုံးဆွဲနိုင်ဖို့က installationက အဓိကကျပါတယ်။ installation က စ မှားခဲ့ရင် နောက်ဆက်တွဲ ပြသာနာတွေက စက်ပြုပြင်ချိန်ထိ မပြီးဆုံးနိုင်တဲ့ ပြသာနာများစွာတွေ့ရပါတယ်။ စက်တပ်ဆင်ရာတွင် အသုံးပြုသည့် Gas ပိုက်လိုင်းသည် ကွေးရာတွင် ပိန်ခြင်း လိမ်ခြင်းများရှိပါက Gas စီးရာတွင် အဆင်မပြေဖြစ်ခြင်းများဖြစ်တက်ပါသည်။ In door Out door Join ကြပ်ရာတွင်တင်းကြပ် လွန်းရင်လည်း ကော်လံ နဖား (Column Flaring) များပျက်ထွက်၍ Gas များယိုစိမ့်မူလည်း ဖြစ်တက်သည်။ In door Out door တပ်ဆင်ရာတွင် အသုံးပြုသည့် Gas ပိုက်လိုင်းအနေအထား In door Join အဆက်သည် အဆောက်အဦး၏အတွင်းပိုင်း ဗိုက်အောက် Join ဖြစ်ခဲ့ပါက နောင်တစ်ချိန် စက်ပြုပြင်ရင်သော်လည်းကောင်း စက်ဆေးကြောသန့်စင်(Servicing)လုပ်ရာတွင်လည်းကောင်း ပိုမိုအဆင်ပြေချောမွေ့ပါလိမ့်မည်။  အဆောက်အဦး၏ အပြင်ပိုင်းတွင် Indoor Join အဆက်ပြုလုပ်ထားပါက   ပြင်ဆင်သူအတွက် အသက်အန္တရာယ်

Blog နဲ့ပတ်သက်တဲ့ရည်ရွယ်ချက် ။

မင်္ဂလာပါ။ ကျွန်တော် ဒီBlog နဲ့ပတ်သက်လို့  တစ်ခြားမည်သူ တစ်ဦးတစ်ယောက်ကိုမှ ဆုံးရူံးနစ်နာစေခြင်း မရှိလိုပါ။ ဒီ Blog သည် Samsung Service Center ၏ ကိုယ်ပိုင် Blog မဟုတ်ပါ။ကျွန်တော် တည်ထောင်ထားသော ကျွန်တော့် ၏ Blog သာဖြစ်ပါသည်။ကျွန်တော်သည်လည်း Blogနဲ့ပတ်သက်လို့ နည်းပညာများလည်း ဖြစ်မြောက်အောင်တက်ကျွမ်းနားလည်သူလည်းမဟုတ်ပါ။ နည်းပညာသဘောရသာ သြင်ဆရာ ကြားဆရာများ၏ သင်ကြားပြသမူများကို လေ့လာပြီး ပြုလုပ်ထားခြင်းသာဖြစ်လို့ အမှားတစ်စုံတစ်ရာပါခဲ့ရင် ခွင့်လွှတ်ပေးကြပါလို့ အနူးညွတ်တောင်းပန်အပ်ပါသည်။ ကျွန်တော်၏ ရည်ရွယ်ချက်သည်  SAMSUNG သုံးဆွဲသူ မိဘ ညီအကို မောင်နှမ များအတွက် သိသင့်သိထိုက်သော အကြောင်းအရာများကို ပြန်လည်ဝေမျှပေးခြင်းသာဖြစ်ပါသည်။ ဒီ Blog ထဲတွင် SAMSUNG နဲ့ပတ်သက်သော Airconditioner (လေအေးပေးစက်)  Refrigerator (ရေခဲသေတ္တာ)  Washing Machine (အဝတ်လျှော်စက်) စတဲ့  ပစ္စည်းတွေ နဲ့ပတ်သက်လို့ သုံးဆွဲပုံတွေကို Model အလိုက် ရှင်းပြပေးထားမှာဖြစ်ပါတယ်။ အားလုံး အဆင်ပြေချောမောစွာ   သုံးစွဲလို့ရအောင် Model အလိုက်ရှာဖွေဖတ်ရူ့လို့ရအောင်လည်း ပြုလုပ်ပေးထားပါတယ်ခင်ဗျ။ အဆင်မပ