Air con: အသုံးပြုနည်း နဲ့ အသုံးပြုပုံ။
Air conditioner နဲ့ ပတ်သက်လို့ အချို့ဟာ လွဲမှားမူတွေရှိနေတာတွေ့ရပါတယ်။ပထမဆုံးအနေနဲ့ စက်တစ်လုံးအေးဖို့နဲ့ ရေရှည်သုံးဆွဲနိုင်ဖို့က installationက အဓိကကျပါတယ်။ installation က စ မှားခဲ့ရင် နောက်ဆက်တွဲ ပြသာနာတွေက စက်ပြုပြင်ချိန်ထိ မပြီးဆုံးနိုင်တဲ့ ပြသာနာများစွာတွေ့ရပါတယ်။
စက်တပ်ဆင်ရာတွင် အသုံးပြုသည့် Gas ပိုက်လိုင်းသည် ကွေးရာတွင် ပိန်ခြင်း လိမ်ခြင်းများရှိပါက Gas စီးရာတွင် အဆင်မပြေဖြစ်ခြင်းများဖြစ်တက်ပါသည်။ In door Out door Join ကြပ်ရာတွင်တင်းကြပ် လွန်းရင်လည်း ကော်လံ နဖား (Column Flaring) များပျက်ထွက်၍ Gas များယိုစိမ့်မူလည်း ဖြစ်တက်သည်။
In door Out door တပ်ဆင်ရာတွင် အသုံးပြုသည့် Gas ပိုက်လိုင်းအနေအထား In door Join အဆက်သည် အဆောက်အဦး၏အတွင်းပိုင်း ဗိုက်အောက် Join ဖြစ်ခဲ့ပါက နောင်တစ်ချိန် စက်ပြုပြင်ရင်သော်လည်းကောင်း စက်ဆေးကြောသန့်စင်(Servicing)လုပ်ရာတွင်လည်းကောင်း ပိုမိုအဆင်ပြေချောမွေ့ပါလိမ့်မည်။ အဆောက်အဦး၏ အပြင်ပိုင်းတွင် Indoor Join အဆက်ပြုလုပ်ထားပါက ပြင်ဆင်သူအတွက် အသက်အန္တရာယ် များစွာရှိလှတဲ့အတွက် အဆင်မပြေမူရှိလာတက်ပါသည်။
Comments
Post a Comment