Samsung 1Door ရေခဲသေတ္တာ၏ လုပ်ဆောင်ချက် အစိတ်အပိုင်း အသုံးပြုနည်း
Model: RA19/RA20/RR19/RT20/RT21/RT22/RT25/RT29/RT2B/RT32/RT35/RT38/RT41/RT45/RS21/RS30/RSA1/RS62 စသော Model များအတွက်
1Door တွင် Thermostart ၁ မှ ၅ သည် လိုသလိုချိန်ညှိ၍ရသည်။ ဥပမာ - ၃တွင် ချိန်ထားပါက အအေးချိန်သည် နံပါတ် ၃ အဆင့်တွင် ရောက်ရှိပါက စက်သည် ခေတ္တခဏ အအေးနူန်းပေါ်မူတည်၍ ရပ်တန့်သွားမည် ဖြစ်ပါသည်။
1Door တွင် ပါဝင်သော အစိတ်အပိုင်းများ - Evaporator Coil (အအေးကွိုင်) ,
Evaporator Coil (အအေးကွိုင်) ,Condenser Coil (အပူကွိုင်), Compressor(ကွန်ပရက်ဆာ) နှင့် Thermostart(အအေးချိန်ညှိ ကိရိယာ)
Evaporator Coil (အအေးကွိုင်)။
Evaporator Coil (အအေးကွိုင်) သည် ရေခဲသေတ္တာ၏ အတွင်းပိုင်းတွင်ရှိပြီး ရေခဲ ခဲခြင်းပြုလုပ်ပေးသော အရာဖြစ်သည်။ Evaporator Coil (အအေးကွိုင်)၏ သဘောတရားသည် လူတစ်ယောက်၏ ဝမ်းတွင်းပိုင်းနှင့် ဆင်တူသည်။
Condenser Coil (အပူကွိုင်)။
Condenser Coil (အပူကွိုင်) သည် စက်ဘေးနှစ်ဘက်နှင့် အရှေ့ ဘော်ဒီ တို့တွင်တည်ရှိသည်။သူသည် စက်တစ်လုံး အတွင်းပိုင်းအေးခဲဖို့အတွက် ဘေး ဘော်ဒီတွင် အပူထုတ်လွှတ်ပေးသည်။ Condenser Coil (အပူကွိုင်) ၏သဘောတရားသည် လူတစ်ယောက်၏ ကျောပြင်နှင့် ဆင်တူပါသည်။
Compressor(ကွန်ပရက်ဆာ)။
Compressor(ကွန်ပရက်ဆာ) သည် စက်တစ်လုံး၏ အဓိကအစိတ်အပိုင်းဖြစ်သည်။ Compressor တစ်လုံးတွင် suction pipe ၂ပိုက် နှင့် discharge pipe ၁ပိုက်ပါဝင်ပါသည်။ သူသည် လူတစ်ယောက်၏ နှလုံးကဲ့သို့ လုပ်ဆောင်ချက်နှင့် ဆင်တူသည်။
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
Thermostart
Thermostart သည် အေးခြင်းကို လိုအပ်သလို ချိန်ညှိပေးသည်။ လိုအပ်သောအအေးချိန် ရောက်ရှိပါက Compressor ကို ရပ်တန့်စေပြီး။ အတွင်းခန်းအအေးချိန် လျော့ကျသွားပါက Compressor သည် ပြန်လည် လည်ပတ်ခြင်းကို လုပ်ဆောင်ပေးပါသည်။ သူသည် လူတစ်ယောက်၏ အိပ်ချိန် နားချိန် တို့ကို သတ်မှတ်ပေးသော နာရီနှင့် တူသည်။
အားလုံးအဆင်ပြေပါစေ။
www.samsungmyanmar83.blogspot.com
Comments
Post a Comment