Skip to main content

Side By Sideအသုံးပြုနည်း ထိန်းသိမ်းနည်းများ ။

SideBy Side အသုံးပြုနည်း ထိန်းသိမ်းနည်းများ။

Model: RA19/RA20/RR19/RT20/RT21/RT22/RT25/RT29/RT2B/RT32/RT35/RT38/RT41/RT45/RS21/RS30/RSA1/RS62 စသော Model များအတွက်






Side By Side သည် ရင်ကွဲတံခါး ၂ချပ်ဖြင့် တည်ဆောက်ထားသည်။ side by side တွင် အခြား 2 Door များနှင့် မတူသော Water Dispenser , Ice Makerနှင့် Temperature Display ပါဝင်လာပါသည်။ မော်ဒယ် အသစ်များတွင် water dispenser သည်စက်အရှ့တတွင်ပါဝင်ပြီး စက်၏အနောက်ဖက်တွင် water dispenser အလုပ် လုပ်ဖို့အတွက် ရေသန့်စက် တပ်ဆင်ရန်   ရေပိုက်လိုင်းထုတ်ပေးထားပါသည်။






side by side အရင် မော်ဒယ် အဟောင်းများတွင် water dispenser နှင့် Ice Maker အလုပ်လုပ်ရန်အတွက်  5L ရေသန့်ဗူးနှင့် Pump Motor တစ်လုံး တွဲလျှက် စက်၏ အတွင်း အောက်ဒေါင့်တွင် တည်ရှိပါသည်။






Temperature Display တွင်   အခဲခန်းအတွင်းရှိ အအေးနူန်းကို အနုတ် (-0) ဖြင့် ပြသပြီး  သာမန်အအေးခန်းတွင် အပေါင်း (0)ဖြင့်ပြသထားပါသည်။စက်မောင်းချိန် ကြာမြင့် လာသည်နှင့် အမျှ  အခန်းတွင်းရှိ အအေးနူန်းသည် မြင့်တက်လာပါလိမ့်မည်။ ဥပမာ  အခဲခန်းတွင် (-10)  သာမန်အအေးခန်းတွင် (5) စသည်ဖြင့်ပြသပါလိမ့်မည်။













Condenser Coil (အပူကွိုင်)
သည် အများအားဖြင့်  Compressor ၏ ဘေးတွင် ပါဝင်လာပါသည်။Out side Fan သည် Condenser Coil မှထွက်လာသော နှင့် Compressor မှထွက်လာသော အပူအား အပူလွန်ကဲမူမရှိအောင် စွန့်ထုတ်ပေးပါသည်။ တစ်ခါတစ်ရံတွင်  Condenser ကွိုင်တွင် ဖုံနှင့် အညစ်အကြေးများမရှိအောင် သန့်ရှင်းအောင်ထားရပါမည်။












ရေခဲသေတ္တာသည် အနောက်ဘက်တွင် နံရံနှင့် ၁ပေခန့်ခြားထားရမည်။အပူစွန့်ထုတ်သော Comdenser Coil သည် ဘေးနှစ်ဖက် နှင့် အလယ်ဘောင်တို့တွင် ပါဝင်သောကြောင့် အရာဝတ္ထု ပစ္စည်းတို့နှင့်  နီးကပ်စွာ မထားရပေ။ ရေခဲသေတ္တာကို ဘေး၂ဖက် နံရံရှိသောနေရာ နှင့် အနောက်ဘက်နံရံရှိသော နေရာ (U ကွေးပုံစံ)တို့တွင် မထားသင့်ပေ။ အဘယ်ကြောင့်ဆိုသော်  ရေခဲသေတ္တာမှ ထွက်လာသော စက်လည်သံသည် ပုံမှန်မဟုတ်ဘဲ သာမန်ထက် ပို၍  ဆူညံသောကြောင့်ဖြစ်ပါသည်။  ပဲ့တင်သံဟုလည်းခေါ်ပါသည်။တစ်ခါနစ်ရံ နေ့ခင်းပိုင်းတွင်  ထိုအသံသည် မသိသာပေမယ့် ညပိုင်း လူခြေတိတ်ချိန်တို့တွင် သိသာပါသည်။

အားလုံးအဆင်ပြေပါစေ။
www.samsungmyanmar83.blogspot.com

Comments

Popular posts from this blog

Air con: အသုံးပြုနည်း နဲ့ အသုံးပြုပုံ ။

  Air con: အသုံးပြုနည်း  နဲ့ အသုံးပြုပုံ။ (AS......, AR......, Model များအတွက်) Air conditioner နဲ့ ပတ်သက်လို့ အချို့ဟာ လွဲမှားမူတွေရှိနေတာတွေ့ရပါတယ်။ပထမဆုံးအနေနဲ့  စက်တစ်လုံးအေးဖို့နဲ့ ရေရှည်သုံးဆွဲနိုင်ဖို့က installationက အဓိကကျပါတယ်။ installation က စ မှားခဲ့ရင် နောက်ဆက်တွဲ ပြသာနာတွေက စက်ပြုပြင်ချိန်ထိ မပြီးဆုံးနိုင်တဲ့ ပြသာနာများစွာတွေ့ရပါတယ်။ စက်တပ်ဆင်ရာတွင် အသုံးပြုသည့် Gas ပိုက်လိုင်းသည် ကွေးရာတွင် ပိန်ခြင်း လိမ်ခြင်းများရှိပါက Gas စီးရာတွင် အဆင်မပြေဖြစ်ခြင်းများဖြစ်တက်ပါသည်။ In door Out door Join ကြပ်ရာတွင်တင်းကြပ် လွန်းရင်လည်း ကော်လံ နဖား (Column Flaring) များပျက်ထွက်၍ Gas များယိုစိမ့်မူလည်း ဖြစ်တက်သည်။ In door Out door တပ်ဆင်ရာတွင် အသုံးပြုသည့် Gas ပိုက်လိုင်းအနေအထား In door Join အဆက်သည် အဆောက်အဦး၏အတွင်းပိုင်း ဗိုက်အောက် Join ဖြစ်ခဲ့ပါက နောင်တစ်ချိန် စက်ပြုပြင်ရင်သော်လည်းကောင်း စက်ဆေးကြောသန့်စင်(Servicing)လုပ်ရာတွင်လည်းကောင်း ပိုမိုအဆင်ပြေချောမွေ့ပါလိမ့်မည်။  အဆောက်အဦး၏ အပြင်ပိုင်းတွင် Indoor Join အဆက်ပြုလုပ်ထားပါက  ...

အဝတ်လျှော်စက်တစ်လုံးမှာ ပါဝင်သော အစိတ်အပိုင်းများ ။

အဝတ်လျှော်စက်တစ်လုံးမှာ ပါဝင်သော အစိတ်အပိုင်းများ ။ Pcb (Main Board),Clutch ,Damper , Valve Water ,Drain Mortor, Main Mortor,Water Level Sensor , Door Lock (Point) , Door Lock (Sensor) , Mortor Pully. 🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲 (1)-Pcb (Main Board) Pcb (Main Board) သည် အဝတ်လျှော်စက်တစ်လုံး၏ အဓိ အစိတ်အပိုင်းဖြစ်သည်။ သူသည်အစိတ်အပိုင်း တစ်ခုနှင့် တစ်ခုကို ထိန်းချုပ်ပေးသောအရာဖြစ်သည်။မိမိ ခိုင်းစေထားသော အရာတို့ကို တသွေမတိမ်း လိုက်နာ လုပ်ဆောင်ပေးပါသည်။ Pcb (Main Board) သည် မည်ကဲ့သို့ အခြေအနေတွင် ပျက်စီးတက်ပါသလဲ။ Pcb (Main Board)သည် မီးအား180V မှ 230V အတွင်း အလုပ် လုပ်ပါသည်။မီးအား အရမ်းနည်းခြင်း၊မီးအား အရမ်းများခြင်း၊ မီးအား မတည်ငြိမ်ခြင်း၊ Frequency 50HZ အတွင်းတည်ငြိမ်မူမရှိခြင်း Pcb လောင်ကျွမ်းပျက်စီးစေပါသည်။ ရေဝင်ခြင်းသည် Pcb (Main Board)ကိုသာမကလူကိုပါအန္တရာယ်ရှိနိုင်သောကြောင့်စက်ကို ခြောက်သွေ့သောနေရာတွင်ထားနိုင်ပါကပို၍ အဆင်ပြေပါသည်။ 🇲🇲🇲🇲🇲🇲🇲🇲...

အဝတ်လျှော်စက် Error Code များ ။

အဝတ်လျှော်စက် Error Code များ WA84U3GEC……/WA85F5S3……/ WA95V3……/WA95W9……/WA75H4……/WD806U4……/WA16F7S9……/WA12J57……/WA10J57……/WA15J67……/WA90M5……/WT86J8……/WT10J7……/WT13J8.……/)Model များအတွက် Error Code များ 1E = WaterLevel Sensor Error (စက်၏ အနောက် အပေါ်အဖုံးအောက်ဖက်တွင်ရှိသော ရေအနည်း/အများကိုချိန်ဆပေးသော ဆင်ဆာသည်  ကြိုးပြတ်နေလျှင်သော် လည်းကောင်း ၊ ဆင်ဆာ အလုပ်မလုပ်ရင်သော်လည်းကောင်း 1E Error  ပြတက်ပါသည်။ 3E = Motor Error (ေ မော်တာ သို့ Main Pcb မှ ဗို့ မလွှတ်တော့ရင် လည်းကောင်း ၊ မော်တာလောင်ကျွမ်းသွားရင်လည်းကောင်း 3E Error ပြတက်ပါသည် ။ 4E/4C = Water Error  (ရေ အဝင်နည်းရင်သော် လည်းကောင်း ၊ ရေဝင်ဘား (Valve Water) အလုပ်မလုပ်ရင်သော် လည်းကောင်း ၊ Main Pcb မှ ရေဝင်ဘားသို့ဗို့အား မထုတ်လွှတ်တော့ရင် လည်းကောင်း  4E/4C Error ပြတက်ပါသည်။ 5E =Drain Motor Error (ဒီ Error အများစုသည်(Frontload )ရှေ့တံခါးဖွင့် စက်များတွင် ရေထုတ်သော မော်တာပန့် အသေးတစ်လုံး စက်၏ အောက်ခြေတွင်ပါဝင်ပါသည်။ ထိုမော်တာ အလုပ်မလုပ်ပါက  5E Error တက်ပါသည်။ FE =Fan Motor Error (ဒီ Error အများစုသည် ...